Wednesday, December 23, 2009

ကျွန်မကြိုက်သော ကဗျာလေးများကိုလည်း ကူးယူဖေါ်ပြထားပါတယ်.....
ကဗျာလေးတွေကို ပို့ပေးတဲ့ သုံးခွင့်ပေးတဲ့ အကို ကောင်းကင်ကို ကိုလည်းကျေးဇူးတင်ပါတယ်....

မေမေ စန်တာကလော့စ် (by ကောင်းကင်ကို)

ငယ်ဘဝရဲ့ ပျားရည်တစက်

တခုသော ခရစ်စမတ်မနက်မှာ

ကျနော် စောစောအနိုး

ခြေရင်းမှာ လက်ဆောင် မတွေ့ လို့  အိပ်မက်လေးအကျိုး

ဈေးကပြန်လာတဲ့ မေမေက

တိုးတိုးလေးချော့ပြီး ပြန်အိပ်ခိုင်းတယ်။

စန်တာကလော့စ် နောက်ကျနေတာ ဖြစ်မှာပါတဲ့

ဒီလိုနဲ့ ကျနော် မျက်လုံးလေးပြန်မှိတ်

စိတ်ကတော့

မေမေ အရုပ်တရုပ်ကို တိတ်တိတ်လေး လာထားသွားတာ သိလိုက်တယ်။

သြော်

ကလေးဘဝတုန်းက ကလေးလိုပျော်နိုင်အောင် မေမေက ဖန်တီးပေးခဲ့တယ်။

လူကြီးဘဝကျ လူကြီးလိုပျော်အောင် ကြိတ်မှိတ်ဖန်တီးယူနေရတယ်။

မေမေရေ

ခရစ်စမတ်က သဘောင်္တစီးဆိုရင်

သားတို့ က တနှစ်မှတခါ ကမ်းကပ်ခွင့်ရတတ်တဲ့ သဘောင်္သားလေးတွေပါ။

အခုတော့

စန်တာကလော့စ် တကယ်မရှိမှန်းလည်း သိပြီ။

ခရစ်စမတ်ကာလဆိုတာ နှစ်သစ်မှာ တနှစ်ပတ်လုံး အလုပ်လုပ်ဖို့ 

ခဏအားဖြည့်ခွင့်ပြုထားတဲ့ အချိန်ဇယားလေးတခုမှန်းလည်းသိပြီ။

မေမေရေ…တခါတခါ

သိခြင်းက အရိပ်ကို မပေးစွမ်းဘူး

အမှန်တရားက မေတ္တာလိုမအေးချမ်းဘူး

မေမေရေ

ခရစ္စမတ်မှာပျော်ဖို့ …တွက်ချက်နေရတဲ့သား

စားပွဲပေါ်မျက်နှာအပ်လို့ မျက်လုံးလေးကို အမှိတ်

မောပန်းနေတဲ့စိတ်ထဲ

ခွန်အားတွေ တိတ်တိတ်ကလေး လာထည့်ပေးပါ။


ကောင်းကင်ကို


အကောင်းဆုံး English learning website များ

သူငယ်ချင်းနိုင်နိုင်ပို့ပေးထားတာကို ပြန်ပြီး မျှဝေထားတာပါ။


Wednesday, December 23, 2009

1
(www.nonstopenglish.com)

ဒီ website ကတော့ အင်္ဂလိပ်စာသင်ကြားရေး နဲ့ ပတ်သက်ပြီး
ကမ္ဘာ့အကောင်းဆုံး နံပါတ်(၁) website ဖြစ်ပါတယ်။ ဒီ website မှာ
အသုံးပြုသူ User တွေ အနေနဲ့။ ကိုယ့်ရဲ့ English Grammer and Vocabulary
Skill တွေကို Interactive Tests တွေနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။ ဒါ့အပြင်
Register လုပ်ပြီး User log-in နဲ့ ၀င် မယ်ဆိုရင်လည်း သူ့ဆီက အခမဲ့ Email
Test တွေ ရယူ ဖြေဆိုပြီး ကိုယ့်ရဲ့ရမှတ်ကိုလည်း ပြန်လည်ကြည့်ရှုလို့ ရပါ
တယ်။ ဒီ websites က သူ့ရဲ့ Tests တွေကို အပတ်စဉ် Update လုပ်ပေးပါတယ်။

2
(www.englishclub.com)

သူကတော့ ဒုတိယအကောင်းဆုံး Learning English websites ပါ။ ဒီ
website မှာတော့ လူငယ်ကြိုက် လွတ်လပ်စွာ English သင်ကြားတဲ့ပုံစံကို
ရယူနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ကဗျာလေးတွေ၊ စာလေးတွေကို website
ပေါ်မှာပြန်ပြီး Upload လုပ်လို့ရသလို ကိုယ့်ရဲ့ ထင်မြင်ချက်
(Comments)တွေကိုလည်း website ပေါ်မှာ ရေးလို့ရပါတယ်။ ဒါ့အပြင်
အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့မေးခွန်းပြသနာတွေကိုလည်း အခမဲ့ email
နဲ့ ဖြေကြားပေးပါသေးတယ်။

3
(www.freeenglish.com)

ဒီ website မှာတော့ အခမဲ့သင်ခန်းစာတွေ၊ English နဲ့ ပတ်သက်တဲ့
ebook တွေကို download ရယူ နိုင်ပါတယ်။

4
(www.rong-chang.com)

ဒီ website ကတော့ အင်္ဂလိပ်စာကို second language အဖြစ် လေ့လာတဲ့
သူတွေအတွက် အထူး လွှင့်တင်ထားတဲ့ website ပါ။ အထူးသဖြင့်
english ဘာသာ mother language မဟုတ်တဲ့ လေ့လာသူများအတွက်
သင့်လျော်ပါတယ်။ လေ့ကျင့်ခန်း မျိုးစုံထဲက ကိုယ်နဲ့ကိုက်ညီမယ့်
လေ့ကျင့်ခန်းတွေကို ရွေးချယ်လေ့ကျင့်နိုင်ပါတယ်။

5
(www.englishathome.com)

ဒီ website မှာတော့ Grammer, vocabulary, verbs and speaking
games တွေနဲ့ english newsletter (သတင်းလွှာ)တွေကို အခမဲ့ရယူနိုင်ပါတယ်။

6

(www.nylanguageexchnage.com)

ဒီ website ကတော့ နာမည်အတိုင်း မတူညီတဲ့ ဘာသာစကား နှစ်ခုကို
မတူညီတဲ့ လူနှစ်ယောက် သင်ယူ တဲ့ နေရာမှာ ကူညီပေးပါတယ်။ ဥပမာ -
ပြင်သစ်စကား သင်နေတဲ့ english speaker တစ်ယောက်နဲ့ အင်္ဂလိပ် စကားသင်နေတဲ့
french speaker တစ်ယောက် အပြန် အလှန် သင်ကြားတဲ့ပုံစံမျိုးပါ။

7

(www.roseofyork.co.uk)

ဒီ website ကိုတော့ the rose of york english college က
လွှင့်တင်ထားတာပါ။ ဒီ site မှာ user တွေ အနေနဲ့ general english, business
english, academic english, english speaking စတာတွေကို အခမဲ့သင်ကြား
လေ့လာနိုင်ကြပါတယ်။



8

(www.expertenglish.com)

ဒီ site မှာတော့ user တွေကိုယ်တိုင် ပါဝင် (participate)
နိုင်တဲ့ program တွေနဲ့ အင်္ဂလိပ်ဘာသာကို သင်ကြားပေးထားပါတယ်။ ဥပမာ -
one stop english perfection program မျိုးတွေနဲ့ပါ။

9

(www.worldenglish.com)

ဒီ website ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ english
ဘာသာလေ့လာသူတွေအနေနဲ့ Highest quality english language resources တွေကို
ရရှိကြစေနိုင်ဖို့ လွှင့် တင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က
မျက်စိမှုန်သူများနှင့် အသက်အရွယ် ကြီးရင့်သူတွေ အတွက်ပါ လေ့လာနိုင်ဖို့
font size အကြီး အသေးကို အဆင့် ၄ ဆင့်အထိ ပြောင်းလို့ရပါတယ်။ အင်တာနက်
ပေါ်က စာလုံးသေးသေးလေးတွေကို ဖတ်ရတာ စိတ် ပျက်နေသူတွေအတွက်
များစွာသင့်လျော်ပါတယ်။

10

(www.learnenglish.org.uk)

ဒီ website မှာတော့ english ဘာသာလေ့လာ ရာမှာ အထောက်အကူပြု
quotes တွေ၊ films တွေ၊ music file တွေကို အခမဲ့ download
ရယူနိုင်ကြပါတယ်။

Happy Christmas and New Year

To my very dear friend....,

Hours of happy times with friends and family

Abundant time for relaxation

Prosperity

Plenty of love when you need it the most

Youthful excitement at lives simple pleasures

Nights of restful slumber (you know - don’t' worry be happy)

Everything you need

Wishing you love and light

Years and years of good health

Enjoyment and mirth

Angels to watch over you

Remembrances of a happy years!



စာမရေးဖြစ်တာကြာပါပြီ....
ခုမှ ပြန်လည်ရေးခြင်းဖြစ်သောကြောင့်
သည်းခံဖတ်ရှုပေးပါရန်.....
သီရိ

Friday, September 5, 2008

ခေါင်းဆောင်မှုဆိုသည်မှာ

ဖတ်မှတ်မိသော ဆရာမောင်ခိုင်ခန့်၏ ဆောင်းပါးမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။
လူ့အဖွဲ့အစည်းတွင် သဘာဝနိယာမများရှိသည်။ ထိုနိယာမများသည် အမြဲမှန်ကန်နေသည်။ ယင်းတို့ကို နယ်ပယ်အသီးသီးတွင် တွေ့မြင်နေရသည်။ ခေါင်းဆောင်မှုနယ်ပယ်တွင် ထာဝရမှန်ကန်နေသည့် နိယာမများအပေါ် အခြေခံ၍ လူ့သဘာဝနိယာမကို အလေးထားလာကြသည်။ လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်မှုနယ်ပယ်တွင် အများယုံကြည်လက်ခံ မှုရှိစေရန်
(၁) ကိုယ်ကျင့်တရားကောင်းမွန်မှု
(၂) ရိုးသားဖြောင့်မှန်မှု
(၃) ကတိတည်မှု
(၄) သစ္စာရှိမှု
(၅) အများအကျိုးအတွက် ကိုယ်ကျိုးစွန့်မှု စသည်တို့နှင့် ပြည့်စုံရန်လိုအပ်သည်။
ဘလော့မရေးတာကြာပါပြီ။ ခုမှစရေးတာပါ။ ဒါကြောင့် အမှားပါရင်ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။

Monday, December 17, 2007

မသင်မဖြစ်ပညာခေတ်

၂၁ရာစုပညာခေတ်တွင် မလုပ်မဖြစ်အလုပ်ကြီးငါးခုရှိသည်။
၁။ပညာခေတ်မှာပညာမသင်လို့မဖြစ်
၂။ဆရာကောင်းနှင့်တွေ့ရန်လိုအပ်
၃။Englishကိုမသင်မဖြစ်သင်ရမည်
၎။စာများများဖတ်ရမည်
၅။ပညာသင်ရာတွင်ကြောက်နေလို့မဖြစ်

ှSource:Youth Magazine, vol:3,No.1,January 2008.