Showing posts with label oem. Show all posts
Showing posts with label oem. Show all posts

Friday, January 15, 2010

အသက်မကြီးချင်ဘူး မေမေ

ကျွန်မရဲ့ အစ်မ မဖြိုးလေ သူပို့ပေးတဲ့ ကဗျာလေးပါ.....
ခံစားချက်ခြင်းတိုက်ဆိုင်သွားလို့ပါ ....

မေမေ....
သမီး အသက်မကြီးချင်ဘူး မေမေ
သမီးရဲ့ ဖြူစင်ခြင်းတွေ တဖြည်းဖြည်းနဲ့  စွန်းထင်း
အပြစ်တွေ မကင်းတော့မှာကို
သမီး ကြောက်တယ်။

မေမေ.....
အမှားတစ်ခု ကျုးလွန်မိရင်
ငယ်ငယ်ကလို ခွင့်လွှတ်ခြင်း
လွယ်လွယ်နဲ့  အပ်နှင်း မခံရတော့မှာကိုလည်း
သမီး ကြောက်တယ်။

မေမေ.....
လူမှူဆက်ဆံရေး နယ်ပယ်ကြား
သမီး ၀င်တိုးရတဲ့အခါ
မူယာ မာယာများ
ကောက်ကျစ်တဲ့ လူစားမျိုးနဲ့ တွေ့ ဆုံ
ဒုက္ခတွေ ကြုံမှာကိုလည်း
သမီး ကြောက်တယ်။

မေမေ......
သမီးရဲ့  ရိုးသာတဲ့ တွေးခေါ်ယူဆချက်
လူတွေက စည်းဘောင်ခတ်လို့ 
အနေကျပ် စေမဲ့ အခြေအနေ တစ်ခုမှာ
ရင်ဆိုင်ရမှာကိုလည်း
သမီး ကြောက်တယ်။

မေမေ.....
ခံစားတတ်တဲ့ နှလုံးသား
အချစ်ဆိုတာ ရှိလာတော့
တစိမ်းသူရဲ့  ခေါ်ရာနောက်
သမီး လိုက်သွားရတော့မယ်ဆိုရင်
အခုလို တစ်မိုးအောက်
မေမေနဲ့  နှစ်ယောက်အတူ မနေရတော့မှာကိုလည်း
သမီး ကြောက်တယ်။

မေမေ....
ရက်တွေပြောင်း လတွေဟောင်းလို့
နှစ်တွေထောင်းလာတဲ့ အခါ
တစ်နေ့ နေ့ မှာ မေမေနဲ့  ခွဲခွာ
တစ်ယောက်ထဲ ကျန်ရစ်
လမ်းပြကြယ်မဲ့ ဘ၀မျိုးကိုလည်း
သမီး ကြောက်တယ်။

မေမေ.......
သမီး ကြောက်တဲ့ အရာမျိုးတွေနဲ့ 
ဘယ်တော့မှာ မကြုံချင်မိ
အခုလို ငြိမ်းအေးစွာ ရှိနေဖို့ 
ဖြစ်နိုင်မယ် ဆိုရင်လေ
အချိန်တွေကို ဒီတင်ရပ်
သမီး အသက်မကြီးချင်ဘူး မေမေ။............။