Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Wednesday, December 23, 2009

ကျွန်မကြိုက်သော ကဗျာလေးများကိုလည်း ကူးယူဖေါ်ပြထားပါတယ်.....
ကဗျာလေးတွေကို ပို့ပေးတဲ့ သုံးခွင့်ပေးတဲ့ အကို ကောင်းကင်ကို ကိုလည်းကျေးဇူးတင်ပါတယ်....

မေမေ စန်တာကလော့စ် (by ကောင်းကင်ကို)

ငယ်ဘဝရဲ့ ပျားရည်တစက်

တခုသော ခရစ်စမတ်မနက်မှာ

ကျနော် စောစောအနိုး

ခြေရင်းမှာ လက်ဆောင် မတွေ့ လို့  အိပ်မက်လေးအကျိုး

ဈေးကပြန်လာတဲ့ မေမေက

တိုးတိုးလေးချော့ပြီး ပြန်အိပ်ခိုင်းတယ်။

စန်တာကလော့စ် နောက်ကျနေတာ ဖြစ်မှာပါတဲ့

ဒီလိုနဲ့ ကျနော် မျက်လုံးလေးပြန်မှိတ်

စိတ်ကတော့

မေမေ အရုပ်တရုပ်ကို တိတ်တိတ်လေး လာထားသွားတာ သိလိုက်တယ်။

သြော်

ကလေးဘဝတုန်းက ကလေးလိုပျော်နိုင်အောင် မေမေက ဖန်တီးပေးခဲ့တယ်။

လူကြီးဘဝကျ လူကြီးလိုပျော်အောင် ကြိတ်မှိတ်ဖန်တီးယူနေရတယ်။

မေမေရေ

ခရစ်စမတ်က သဘောင်္တစီးဆိုရင်

သားတို့ က တနှစ်မှတခါ ကမ်းကပ်ခွင့်ရတတ်တဲ့ သဘောင်္သားလေးတွေပါ။

အခုတော့

စန်တာကလော့စ် တကယ်မရှိမှန်းလည်း သိပြီ။

ခရစ်စမတ်ကာလဆိုတာ နှစ်သစ်မှာ တနှစ်ပတ်လုံး အလုပ်လုပ်ဖို့ 

ခဏအားဖြည့်ခွင့်ပြုထားတဲ့ အချိန်ဇယားလေးတခုမှန်းလည်းသိပြီ

မေမေရေ…တခါတခါ

သိခြင်းက အရိပ်ကို မပေးစွမ်းဘူး

အမှန်တရားက မေတ္တာလိုမအေးချမ်းဘူး

မေမေရေ

ခရစ္စမတ်မှာပျော်ဖို့ …တွက်ချက်နေရတဲ့သား

စားပွဲပေါ်မျက်နှာအပ်လို့ မျက်လုံးလေးကို အမှိတ်

မောပန်းနေတဲ့စိတ်ထဲ

ခွန်အားတွေ တိတ်တိတ်ကလေး လာထည့်ပေးပါ။


ကောင်းကင်ကို