Showing posts with label ၀မ်းနည်းမှတ်တမ်း. Show all posts
Showing posts with label ၀မ်းနည်းမှတ်တမ်း. Show all posts

Tuesday, March 16, 2010

ပြောပြဖို့ခက်တဲ့နေ့

ကျွန်မ မနေ့ည(၁၅.၃.၂၀၁၀)ကစပြီး စိတ်မကောင်းတော်တော်ဖြစ်ရတယ်.....

တခါတခါ လောကကြီးရဲ့လှည့်ကွက်တွေက အရမ်းကြောက်စရာကောင်းတယ်.....

ခွဲခွာသွားသူနဲ့ ကျန်ခဲ့ရတဲ့သူ ဘယ်သူက ပိုဝမ်းနည်းရလဲ ဆိုတဲ့...မေးခွန်းကို အရင်ကတည်းက

ဖြေခဲ့ဘူးတယ်......ကျန်ခဲ့တဲ့သူဆိုတာကိုပေါ့.....(အဲဒါကို တချို့က သဘောမတူကြဘူး...ထားပါတော့လေ...)

အခုလည်း အဲလိုဘဲလေ ထွက်သွားတဲ့သူကသွားပေမဲ့ ကျန်ခဲ့တဲ့သူကတော့ လွမ်းဆွတ်မှုတွေနဲ့အတူ......

ကိုယ့်ကိုကိုယ်လည်း စိတ်တိုမိတယ် .... ကျွန်မကလေ...သူငယ်ချင်း ၀မ်းနည်းနေတဲ့အချိန်မှာတောင်

အားမပေးနိုင်ခဲ့လောက်အောင် အလုပ်ထဲမှာ နစ်နေမိတယ်.....

ကျွန်မချစ်တဲ့ သူငယ်ချင်းအတွက် ဘာမှမနှစ်သိမ့်ပေးနိုင်ခဲ့မိဘူး....

တိုက်ဆိုင်မှုတွေကိုလည်း ကြောက်လာမိတယ်.....