Showing posts with label ၂၀၀၉ မှတ်တမ်း. Show all posts
Showing posts with label ၂၀၀၉ မှတ်တမ်း. Show all posts

Wednesday, December 30, 2009

၂၀၀၉ မှတ်တမ်း

၂၀၀၉ မှတ်တမ်းကိုရေးဖို့ စိတ်မပါခဲ့ဘူး...ဒါပေမဲ့ ရုံးက ညီမလေးနှစ်ယောက်ဖြစ်တဲ့ ဒေါ်အေးအေးအောင်နဲ့ ဒေါ်ယဉ်မင်းဦးတို့က (အမြင်ကပ်လောက်အောင်)တိုက်တွန်းအားပေး ကြလို့..ရေးသားလိုက်ရတာပါ..အမှားတွေပါရင်လည်း ခွင့်လွှတ်ပါလို့ ပြောကြားရင်းနဲ့ ကျွန်မရဲ့ မှတ်တမ်းကို စတင်လိုက်ပါပြီ....
ဇန်န၀ါရီလ- ၂၀၀၉ အစလေးကတော့ လှပပြီးချစ်စရာကောင်းလှပါတယ်...ဘာလို့လဲဆိုတော့ ကျွန်မရဲ့မွေးနေ့ကို လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများနဲ့ အတူပျော်ရွှင်ရလို့ပါဘဲ..သူတို့ပေးတဲ့ လက်ဆောင် ပိတ်စလေးကိုလည်း နှစ်သက်လှပါတယ်..နောက်ပြီး ကျွန်မရဲ့ချစ်ရတဲ့ တပည့် လေးများကိုလည်း မုန့်ကျွေးပါတယ်...ပျော်စရာလလေးပေါ့...
ဖေဖေါ်ဝါရီ- အလုပ်တွေများလို့ ပင်ပန်းတဲ့လပေါ့....
မတ်လ- ဖေကြီးရဲ့ မွေးနေ့ရှိတယ်....ရွှေတိဂုံဘုရားမှာ ရွှေပြားသင်္ကန်းကပ်လှူရန်(၂၀၀၀၀ ကျပ်)ကို ကျွန်မရဲ့ချွေးနဲစာနဲ့ လှူဒါန်းနိုင်ခဲ့ပါတယ်...စာမေးပွဲများနဲ့ စိတ်ဖိစီးတဲ့လဆိုရင်လည်း မမှားပါဘူး ...ဒါပေမဲ့ ကလေးတွေနဲ့ ခွဲရတာ စိတ်မကောင်းဖြစ်ရတယ်....နောက်ပြီးတော့ နဲနဲနားရတဲ့လပေါ့...နောက်စာသင်နှစ်အတွက် ရောက်လာတဲ့ကလေးတွေနဲ့အတူ... နေသား ကျအောင် ပြင် ဆင်ရတော့တယ်....
ဧပြီလ- ဒီလကိုတော့ အကြိုက်ဆုံးပဲ...ဘာလို့လဲဆိုတော့ ပိတ်ရက်တွေများလို့ပေါ့...ရုံးလဲပိတ်၊ စာသင်တာတွေလဲ ပိတ်တယ်လေ...ကျွန်မသူငယ်ချင်းနိုင်နိုင့်မွေးနေ့လည်းရှိတယ်လေ... နောက်ပြီးတော့ သင်္ကြန်ဆိုတဲ့ကာလလေးလည်း ရှိတယ် လေ...ကျွန်မ ဘဘနဲ့ကြီးကြီးက နှစ်တိုင်းမိသားစုမဏ္ဍပ်လုပ်တယ်လေ... အဲဒီမှာ ကျွန်မက ခြောက်တန်းနှစ်ကတည်းကစပြီး ရေပက်ခဲ့တာ ခုထိပါဘဲ...
မေလ- အလုပ်စပြီးများတဲ့လပေါ့...
ဇွန်လ- ဒီလိုဘဲ အလုပ်တွေလုပ်ရင်း စာတွေသင်ရင်းပေါ့...ဒီကြားထဲ Myanmar Egress က ဖွင့်တဲ့ Training for 2009 နှစ်ပတ်ကြာသင်တန်းကို တက်လိုက်သေးတယ်...
ဇူလိုင်လ-ကျွန်မညီမလေး မဉ္ဖူနဲ့ သူငယ်ချင်း ဥမ္မာရဲ့မွေးနေ့ရှိတယ်....ကျွန်မရဲ့ဘ၀မှာ လတစ်လရဲ့ ၂၉ ရက်တွေဟာ ကံမကောင်းတတ်ဘူး...နောက်ပြီးတော့ ကျွန်မတို့မိသားစု အတွက် ၀မ်းနည်းစရာဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်...ကျွန်မရဲ့မောင်လေးကိုဖြိုးရဲ့ခြေထောက် တစ်ဖက်ကို တိုင်းပြည်အတွက် ပေးလှူခဲ့ရပါတယ်...ကျွန်မတို့ကတော့ အသက်ရှင်ရက်တွေ့ရ ရင်ဘဲ ကျေနပ်လှပါပြီ...
သြဂုတ်လ- ဆေးရုံနဲ့ ရုံးနဲ့ စာသင်တာတွေနဲ့ လုံးထွေးရစ်ပတ်ရင်း ကျော်ဖြတ်ခဲ့ရတယ်...ဒါပေမဲ့ သူငယ်ချင်းများရဲ့ ဖေးမကူညီမှု(အထူးသဖြင့် အနီးကပ်ရှိနေတဲ့ နိုင်နိုင့်)ကြောင့် လုပ်စရာရှိတာ တွေကို အရှိန်မပျက်ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်...
စက်တင်ဘာလ- မောင်လေးကိုဖြိုးရဲ့မွေးနေ့ရှိတယ်လေ...အလုပ်တွေ ဆက်လုပ်ရင်းနဲ့ ဒီလ ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်...
အောက်တိုဘာလ- မောင်ငယ်လေး ကိုတိုးမွေးနေ့ရှိပါတယ်...အလုပ်များတဲ့လပါဘဲ...ဆရာ ကန်တော့ပွဲလုပ်တော့ ကလေးတွေကို ပြန်တွေ့ရတယ်...၀မ်းသာရပါတယ်...
နိုဝင်ဘာလ- ဒီလလဲဒိုင်စားတဲ့လပါဘဲ...တပည့်လေးတွေက သူတို့စိတ်ဝင်စားတဲ့ နယ်ပယ်အ သီးသီးကို ၀င်ရောက်နို်င်ဖို့ တိုင်ပင်တာကို စိတ်ဝင်တစားတုံ့ပြန်ရင်း ...ဘ၀မှာ အောင်မြင်ပျော် ရွှင်နိုင်တဲ့သူတွေဖြစ်ဖို့ ဆုတောင်းဆန္ဒပြုလိုက်ပါတယ်....
ဒီဇင်ဘာလ- ဆေးပညာလောကဆိုတဲ့ကျွန်မ၀င်ရောက်လေ့ရှိတဲ့ ဘလော့ကအလှူတစ်ခု မှာလည်း ဆေးပဒေသာပင်အတွက် အလှူငွေ(၂၀၀၀၀ ကျပ်)ကို ကိုယ့်ရဲ့ဝင်ငွေနဲ့ လှူဒါန်း နိုင်ခဲ့ပါတယ်.....လအစပိုင်းလေးကတော့ လှပတော့မလိုနဲ့ ထုံးစံအတိုင်း ၂၉ ရက်နေ့မှာ သူငယ်ချင်းနိုင်နိုင်ရဲ့ ဋ္ဌာနပြန်ပြောင်းရမဲ့သတင်းက ၀င်လာပြန်တယ်...ကဲ...ကောင်းတာနဲ့ ဆိုးတာ ရောထွေးနေတဲ့ ၂၀၀၉ ရေ ....မင်းကိုတော့ နှုတ်ဆက်ခဲ့ပါတယ်...ခု လာမဲ့ ၂၀၁၀ မှာလည်း ဆက်လက်ကြိုးစားရအုံးမှာပေါ့.....

ကဲ..ရေးလို့တော့ပြီးပြီ....
သဇင်နဲ့ဖူးပွင့်တို့ရဲ့ မှတ်တမ်းများကိုလည်း စောင့်မျှော်လျှက်....