ကျွန်မ မနေ့ည(၁၅.၃.၂၀၁၀)ကစပြီး စိတ်မကောင်းတော်တော်ဖြစ်ရတယ်.....
တခါတခါ လောကကြီးရဲ့လှည့်ကွက်တွေက အရမ်းကြောက်စရာကောင်းတယ်.....
ခွဲခွာသွားသူနဲ့ ကျန်ခဲ့ရတဲ့သူ ဘယ်သူက ပိုဝမ်းနည်းရလဲ ဆိုတဲ့...မေးခွန်းကို အရင်ကတည်းက
ဖြေခဲ့ဘူးတယ်......ကျန်ခဲ့တဲ့သူဆိုတာကိုပေါ့.....(အဲဒါကို တချို့က သဘောမတူကြဘူး...ထားပါတော့လေ...)
အခုလည်း အဲလိုဘဲလေ ထွက်သွားတဲ့သူကသွားပေမဲ့ ကျန်ခဲ့တဲ့သူကတော့ လွမ်းဆွတ်မှုတွေနဲ့အတူ......
ကိုယ့်ကိုကိုယ်လည်း စိတ်တိုမိတယ် .... ကျွန်မကလေ...သူငယ်ချင်း ၀မ်းနည်းနေတဲ့အချိန်မှာတောင်
အားမပေးနိုင်ခဲ့လောက်အောင် အလုပ်ထဲမှာ နစ်နေမိတယ်.....
ကျွန်မချစ်တဲ့ သူငယ်ချင်းအတွက် ဘာမှမနှစ်သိမ့်ပေးနိုင်ခဲ့မိဘူး....
တိုက်ဆိုင်မှုတွေကိုလည်း ကြောက်လာမိတယ်.....
Tuesday, March 16, 2010
Tuesday, March 9, 2010
နှစ်သက်သောကဗျာလေးများ
သားမြေးတို့တွက် ကြိုးစားစို့
• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်
နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊
သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊
( မင်းသုဝဏ် )
---------------------------------------------------------------
ခေါင်းစဉ်မေ့နေပါသည်
ရွှေဂုဏ်ငွေဂုဏ် ရာထူးဂုဏ်သည်
လူ့ဘုံလောက အကာမျှတည့်
သူကငြူစူ မကြည်ဖြူက
ခွါယူ၍ရ၊ ကွာ၍ကျ။
ရိုးဂုဏ်ဖြောင့်ဂုဏ်
ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည့်
သူကငြူစူ မကြည်ဖြူလည်း
ခွါယူမရ ၊ ကွာမကျ။
(ဇော်ဂျီ)
------------------------------------------------------------------
ရုရှားစာရေးဆရာကြီး တော်စတွိုင်းအား ချီးကျူးဂုဏ်ပြုထားသောကဗျာပါ...
သူ
လူသားကောင်းကျိုး၊ သူမျှော်ကိုး၍
ကြိုးစားသမှု၊ စာပေပြုသည်
ရွှေမှု ငွေမှု သူမရှု။
စည်းစိမ်ဥစ္စာ၊ ဂုဏ်ရှိန်ဝါကို
ကောင်းစွာထင်ထင်၊ အပြစ်မြင်၍
သူလျှင်မမှု လျစ်လျူပြု။
လူသားကမ္ဘာ၊ လူ့ရပ်ရွာဝယ်
မေတ္တာသည်သာ၊ ခိုလှုံရာဟု
သူ့မှာမြင်သိ ခံစားမိ။
အို-ရှုစမ်းပါ
“ငါ့မှာအစာ၊ ၀တ်စရာတို့
ပေါကာများကာ၊ ရှိနေပါလည်း
သူ့မှာမဲ့လျင်း၊ စားဝတ်ကင်းသော်
ရင်တွင်းငါ့တွင်၊ ဘယ်မှာရွှင်လိမ့်”
သို့လျှင်တွေးရှု၊ စာနာမှုဖြင့်
လူထုကြားဝယ်၊ စည်းစိမ်ပယ်၍
လယ်ယာလုပ်သား၊ ဆင်းရဲသားနှင့်
တသားတည်းသာ၊ နေထိုင်ပါ၍
မေတ္တာပွားမှု၊ သူကျိုးပြုသော်
သူ့ကိုစာဆို၊ မြတ်နိုးပို၍
ကြည်ညို ရှိခိုးမိပါသည်တကား။
(မင်းယုဝေ)
• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်
နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊
သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊
( မင်းသုဝဏ် )
---------------------------------------------------------------
ခေါင်းစဉ်မေ့နေပါသည်
ရွှေဂုဏ်ငွေဂုဏ် ရာထူးဂုဏ်သည်
လူ့ဘုံလောက အကာမျှတည့်
သူကငြူစူ မကြည်ဖြူက
ခွါယူ၍ရ၊ ကွာ၍ကျ။
ရိုးဂုဏ်ဖြောင့်ဂုဏ်
ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည့်
သူကငြူစူ မကြည်ဖြူလည်း
ခွါယူမရ ၊ ကွာမကျ။
(ဇော်ဂျီ)
------------------------------------------------------------------
ရုရှားစာရေးဆရာကြီး တော်စတွိုင်းအား ချီးကျူးဂုဏ်ပြုထားသောကဗျာပါ...
သူ
လူသားကောင်းကျိုး၊ သူမျှော်ကိုး၍
ကြိုးစားသမှု၊ စာပေပြုသည်
ရွှေမှု ငွေမှု သူမရှု။
စည်းစိမ်ဥစ္စာ၊ ဂုဏ်ရှိန်ဝါကို
ကောင်းစွာထင်ထင်၊ အပြစ်မြင်၍
သူလျှင်မမှု လျစ်လျူပြု။
လူသားကမ္ဘာ၊ လူ့ရပ်ရွာဝယ်
မေတ္တာသည်သာ၊ ခိုလှုံရာဟု
သူ့မှာမြင်သိ ခံစားမိ။
အို-ရှုစမ်းပါ
“ငါ့မှာအစာ၊ ၀တ်စရာတို့
ပေါကာများကာ၊ ရှိနေပါလည်း
သူ့မှာမဲ့လျင်း၊ စားဝတ်ကင်းသော်
ရင်တွင်းငါ့တွင်၊ ဘယ်မှာရွှင်လိမ့်”
သို့လျှင်တွေးရှု၊ စာနာမှုဖြင့်
လူထုကြားဝယ်၊ စည်းစိမ်ပယ်၍
လယ်ယာလုပ်သား၊ ဆင်းရဲသားနှင့်
တသားတည်းသာ၊ နေထိုင်ပါ၍
မေတ္တာပွားမှု၊ သူကျိုးပြုသော်
သူ့ကိုစာဆို၊ မြတ်နိုးပို၍
ကြည်ညို ရှိခိုးမိပါသည်တကား။
(မင်းယုဝေ)
Subscribe to:
Posts (Atom)