Friday, September 5, 2008

ခေါင်းဆောင်မှုဆိုသည်မှာ

ဖတ်မှတ်မိသော ဆရာမောင်ခိုင်ခန့်၏ ဆောင်းပါးမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။
လူ့အဖွဲ့အစည်းတွင် သဘာဝနိယာမများရှိသည်။ ထိုနိယာမများသည် အမြဲမှန်ကန်နေသည်။ ယင်းတို့ကို နယ်ပယ်အသီးသီးတွင် တွေ့မြင်နေရသည်။ ခေါင်းဆောင်မှုနယ်ပယ်တွင် ထာဝရမှန်ကန်နေသည့် နိယာမများအပေါ် အခြေခံ၍ လူ့သဘာဝနိယာမကို အလေးထားလာကြသည်။ လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်မှုနယ်ပယ်တွင် အများယုံကြည်လက်ခံ မှုရှိစေရန်
(၁) ကိုယ်ကျင့်တရားကောင်းမွန်မှု
(၂) ရိုးသားဖြောင့်မှန်မှု
(၃) ကတိတည်မှု
(၄) သစ္စာရှိမှု
(၅) အများအကျိုးအတွက် ကိုယ်ကျိုးစွန့်မှု စသည်တို့နှင့် ပြည့်စုံရန်လိုအပ်သည်။
ဘလော့မရေးတာကြာပါပြီ။ ခုမှစရေးတာပါ။ ဒါကြောင့် အမှားပါရင်ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။